ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် မလေးရှားနိုင်ငံမှ အလုပ်သမားများ က Arakan Review သို့ ရင်ဖွင့်သံများပေးပို့လာ ပါသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် ကိုမျိုးခိုင်က Arakan Review သို့ ဖုန်းနံပါတ် – ၀၈၉၇၈၄၁၁ ၅၈ ဖြင့်ရင်ဖွင့်လာတာ က -
“ကျွန်တော်တို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရမှနေ၍ ဧပြီလ (၁) ရက်နေ့မှ စပြီး အာဆီယံ အလုပ်သမား လစာနဲ့ တန်းတူ တနေ့ လုပ်အားခကို ထိုင်းဘတ်ငွေ (၃၀၀) နူန်းဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ခရိုင် (၅)ခုအတွင်းပေးမယ်လို့ ထိုင်းနိုင်ငံအတွင်း ထုတ်လွှင့်သည့်သတင်းတွေမှာ တွေ့ရပါတယ်။ အလုပ်ဆင်းချိန် အဖြစ် မနက် (၈း၀၀) နာရီမှ ညနေ (၅း၀၀) နာရီ အထိ အလုပ်ချိန်အဖြစ် သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ အခု အလုပ် လုပ်နေရတဲ့နေရာ (ဘန်ကောက်) မြို့မှာတော့ သတ်မှတ် လစာငွေ (၃၀၀) ဘတ်ကို ရရှိသော်လည်း ကျန် ခရိုင်တွေ (၄-ခု) မှာတော့ သတ်မှတ်လစာငွေ မရရှိဘဲ ဖြစ်နေကြပါတယ်။ ဥပမာ ထိုင်း-မြန်မာ နယ်စပ်မြို့ တွေဖြစ်တဲ့ မဲဆောက်မြို့၊ ဆန်ခလပူရီမြို့နှင့် မယ်ဆိုင်မြို့တွေမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား တစ်ဦးအတွက် ပျဉ်မျှ လစာငွေမှာ (၁၀၀) ဘတ် ၀န်းကျင်သာ ရှိပါတယ်။
မြန်မာနိုင်ငံသား အလုပ်သမားတွေက မြန်မာနိုင်ငံရဲ့ဆိုးရွားတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်ပထွက် အလုပ် ရှာကြတဲ့အခါမှာလည်း တချို့က တရားဝင်အနေဖြင့်အလုပ် လုပ်ကြရသလို၊ တချို့က တရားမ၀င်တဲ့ နည်းတွေနဲ့ အလုပ် လုပ်ကြရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ နိုင်ငံကို လက်ရှိအုပ်ချုပ်နေတဲ့ အစိုးသစ်နဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ မြန်မာပြည်တွင်နိုင်ငံရေးအပြောင်းအလဲတွေလုပ်နေပါပြီလို့ နိုင်ငံတကာမှာ ဘယ်လောက် ပင် ပြောပြော လက်ရှိမှာတော့ မြန်မာပြည်ကြီးကို စွန့်ခေါ်ပြီး ပြည်ပနိုင်ငံတွေကို တရားဝင်တဲ့နည်း၊ တရားမ၀င် တဲ့ နည်းလမ်းတွေနဲ့ သွားရောက်အလုပ်လုပ်နေကြတာဟာ အပေါ်ကပြောင်းပြီး အောက်ခြေအပြောင်းလဲနိုင် တဲ့ မြန်မာ့ နိုင်ငံရေးလို့ပဲ မြင်ပါတယ်။ ပြည်သူအတွက်သာ တကယ်တန်း သဘောထားမှန်မှန်နဲ့ လုပ်ဆောင်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရဆိုရင် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မိမိတို့ နိုင်ငံသားတွေ ၊ အခြေခံလူတန်းစားတွေအတွက် အလုပ်သမားအခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိပါတယ်။ တရားမ၀င်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရာဝင်တဲ့ နည်းလမ်းတွေနဲ့ သူတပါးတိုင်းပြည်မှာ အလုပ် လုပ်နိုင်အောင် ဆောင်ရွက်ပေးသင့်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက် ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဒီနေ့ ကျရောက်တဲ့ မေဒေးနေ့မှာ တောင်းဆိုချင်တာက နိုင်ငံတော်ကို ချစ် ရင် နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ လက်ရှိခံစားနေရတဲ့ ဒုက္ခပေါင်းစုံ ကို အမြန်ဆုံး ကြိုတင်ကာကွယ်ပေးပါ။ အပေါ်ပိုင်းပြောင်းလဲခြင်းထက် ခြောက်ခြေကစပြီး တဆင့်ချင်း ပြောင်း လဲတာဟာ တိုင်းပြည်ကို ချစ်တဲ့ သမ္မတ တစ်ဦးရဲ့ အရည်အချင်းနဲ့ ပြည်စုံပါတယ်လို့ ပြောကြားလိုပါတယ်။”
- ဆက်လက်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အလုပ် လုပ်ကိုင်နေကြတဲ့ အလုပ်သမလေး မမ ခင်ဇာလင်း ကပြော ကြားသွားသည် မှာ -
“ဟုတ်ပါတယ်…. ထိုင်းတစ်နိုင်ငံလုံးရဲ့ အခြေခံ အလုပ်သမားလစာငွေကို အာဆီယံအလုပ်သမား လစာနဲ့ အညီ တနေ့ လုပ်အားခ (၃၀၀) ဘတ် ပေးမယ်လို့ သတင်းတွေတော့ကြားဖူးပါတယ်။ လက်တွေ့မှာတော့ အလုပ်ချိန် ကပို လုပ်အားခကျတော့ ပုံမှန် တနေ့ လုပ်အားခ (၈၀) ဘတ်ထက် မတိုးတဲ့ စက်ရုံတွေ အများကြီးပါ။ ကျမတို့ အခုလုပ်နေတဲ့ စက်ရုံကတော့ အလုပ်သမား တစ်ဦးအတွက် တနေ့လုပ်အားခ (၁၀၀) ဘတ်တော့ ပေးပါတယ်။ အာဆီယံ အလုပ်သမား လစာငွေနဲ့ အညီတော့ မဟုတ်ပါ။ ကုန်ခဲ့တဲ့ လ ကတော့ ကျွမတို့ အလုပ်တွေ မနား မနေ လုပ်ကြရ ပါတယ်။ အချိန်ပိုလုပ်အားခတွေအထဲကလည်း ရေဖို့၊ မီးဖို့ ဆိုပြီးတော့ ဖြတ်တောက်တာ ရှိပါတယ်။ လုပ်အားခလစာငွေက မှန်းထားတဲ့ လစာငွေအထိတောင် မရကြပါဘူး။ ဒီလကျတော့ တမျိုးပါ။ အလုပ်အပိုချိန် နည်းနည်းဘဲ ဆင်းရတယ်။ ကုန်ခဲ့တဲ့လက ပြင်းပြင်းထန်ထန် လုပ်ခဲ့တဲ့ လစာငွေထက် နည်းနည်းပိုပေးတာတွေ့ရ ပါတယ်။ ဒါက စဉ်းစား စရာတစ်ခုပါဘဲ။ နောက်တစ်ခုက အလုပ်ရှင်ပါ။
သူကပြောတယ်…. မင်းတို့ အလုပ်ကိုကောင်းကောင်းမွန်မွန်လုပ်ကြ ကောင်းကောင်းမွန်မွန် မလုပ်ရင် အလုပ်က လစာမပေးဘဲ ထုတ်လိုက်လို့ရတယ်။ တစ်ယောက် ထုတ်လိုက်ရင် နောက်ထပ် ဆယ်ယောက်လောက် အလုပ်ခေါ်လိုက်လို့ရတယ်။ ငါတို့အတွက် အလုပ်သမားမရှားဘူး လို့လည်း အလုပ်သမားတွေအပေါ်မှာ မလေး မခန့်စကားတွေပြောပါတယ်။ ”
- မလေးရှားနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ ကိုအေးမြိုင် ကတော့-
“မေဒေးလည်း အလုပ်မပိတ်ပါဘူး။ အလုပ်ရှင်ဆိုတာသိတဲ့အတိုင်းပဲ အလုပ်ပြီးမြောက်ဖို့ဘဲပြောတဲ့အမျိုးတွေပါ။ အလုပ်ချိန် ကို မနက် (၈း၀၀) နာရီမှ ည (၆း၀၀) နာရီမှ အလုပ်သိမ်းတာ ဒီနေ့ မေဒေးလို့ ပြောကြတယ်။ အလုပ်ပိတ်ပေးလို့ပြောတော့ ငါ့မှာ အော်ဒါ မှာထားတာတွေ ရှိတယ်။ မင်းတို့က တရားဝင်လာရောက်အလုပ် လုပ်နေတဲ့လူတွေမဟုတ်ဘူး။ မေဒေးဆိုတာ တရားဝင်လာရောက် အလုပ်လုပ်ကိုင် သူတွေနဲ့ဘဲ ဆိုင်တယ်။”လို့ Arakan Review သို့ ရင်ဖွင့် ပြောကြား သွားကြ ပါသည်။





